မြိတ်    ၃  မေ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ နေ့စဉ်လမ်းလျှောက်အပန်းဖြေ အနားယူလျက်ရှိသည့် ကမ်းနားလမ်း ပလက်ဖောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျပ်သန်း (၂၀ဝ)ကျော်ဖြင့် စည်ပင်သာယာရေးကော်မတီဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိသည်။

 

240

 

မြိတ်မြို့က ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ကမ်းနားလမ်းကို မြို့သူမြို့သားများမှ အပန်းဖြေနေရာ တစ်ခုသတ်မှတ်ပြီး အပန်းဖြေနေကြပါတယ်။ လက်ရှိမှာ မြို့သူမြို့သားတွေဟာ လမ်းလျှောက်ခြင်း၊ အနားယူခြင်း၊ ပင်လယ်လေရှူခြင်းကို ကမ်းနားလမ်းမှာ အများဆုံး အနားယူနေရာ ဖြစ်တဲ့အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေနဲ့ အဓိကဦးစားပေးပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

 

918

 

တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်းပေါင်း(၂၂၂)သန်းဖြင့် ကမ်းနားလမ်းပလက်ဖောင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပလက်ဖောင်းရဲ့ အရှေ့မှာ ယခင်က ရေတမာပင်တွေ စိုက်ပျိုးထားပါတယ်။ ရေတမာပင်တွေကြားမှာ အပွင့်ပွင့်နေတဲ့ အပင်လေးတွေကို ဆက်လက် ဆောင်ရွက်သွားဖို့နဲ့ အများပြည်သူအပန်းဖြေနိုင်အောင် သာယာလှပအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ် ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် အင်ဂျင်နီယာ ဦးစိန်ဝင်း က ပြောသည်။

 

20200

 

ပလက်ဖောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားထိပ်မှ ကန်ကြီးရပ်ကွက် သဲကွင်းလမ်းဆုံကြား အရှည် (၃၇၀ဝ)ပေ၊  အကျယ်(၇)ပေ ပလက်ဖောင်းလုပ်ငန်းကို ဧပြီလ တတိယအပတ်မှ စတင်ဆောင်ရွက် လျက်ရှိပြီး  ဇူလိုင်လ အကုန် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

3047

 

ကမ်းနားလမ်း ပလက်ဖောင်းလုပ်ငန်းဆောင်ရွက်ရာ၌ လက်ရှိအချိန်တွင် မြေတူးခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးပြီဖြစ်ပြီး ပလက်ဖောင်း အောက်ခံမြေတည်ငြိမ်မှုရှိစေရန် သဲဖြည့် ရေလောင်း၍ လမ်းကြိတ်စက်ငယ်ဖြင့် ကြိတ်ခြင်း၊ သံချောင်းများထည့်၍ အမာခံ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက Natural Clay အဆင့်မြင့် ရောင်စုံကျောက်ပြားခင်းခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

3122