မြိတ်  ၁၅ သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးများကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ပြောင်းရွှေ့နေထိုင်ကြသည့်  ပြည်သူများအား သြဂုတ် ၁၄ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ 


မြိတ်မြို့နယ်တွင် သြဂုတ်  ၁ ရက်မှ ၁၄ ရက်အထိ သဘာဝဘေးများကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၂၅ လုံးရှိခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်း (၆)ခု ဖွင့်လှစ်ထားရှိကာ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု(၂၆၇)စု လူဦးရေ (၁၄၀၉)ဦးရှိပြီး ပျက်စီးနေအိမ်များကို ကယ်ဆယ်ရေး ပစ္စည်းများအား ပေးအပ်ခြင်းနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ခိုင်ထူး (မြိတ် ပြန်/ဆက်)