မြိတ် ၁၈  မတ် 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြင်းငယ်ကျေးရွာအုပ်စု၊ ဆိပ်ကြီးပြင်ဆိပ်ကမ်းအနီး ရေပြင်၌ မတ် ၁၇ ရက် နံနက် ၃ နာရီခန့်က ကျောက်ချရပ်နားထားသည့် သဲစုပ်လှေတစ်စီး ရေဝင်နစ်မြှုပ်မှု ဖြစ်ပွားခဲ့ရာလှေပေါ်ပါသူ သုံးဦးအနက် တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့နယ် ပြင်းငယ်ကျေးရွာအုပ်စု၊ ဆိပ်ကြီးပြင်ဆိပ်ကမ်းအနီးရေပြင်၌ မတ် ၁၆ ရက် ည ၉ နာရီခွဲခန့်က ကျောက်ချရပ်နားထားသည့် ဦးရဲမင်း ပိုင်ဆိုင်သော အလျား(၇)လံ၊ အကျယ်(၅) တောင်ခန့်၊ အင်ဂျင် (၂၅)ကောင်ဝမ်းထိုင် သဲစုပ်လှေပေါ်၌ သူရစိုး(ခ)နောင်ဖောက်(၂၃)နှစ်၊  တောင်ဖီလာကျေးရွာ၊ မြိတ်မြို့နေသူနှင့်အတူ ရဲသူ(၂၀)နှစ်၊ တောင်ဖီလာကျေးရွာ၊ အေးလင်း (၂၁)နှစ်၊ တောင်ဖီလာကျေးရွာ၊ မြိတ်မြို့နေသူတို့(၃)ဦးမှာ အိပ်ပျော်နေစဉ် မတ် ၁၇ ရက် နံနက် ၃ နာရီခန့်တွင် သဲစုပ်လှေမှာ ရေဝင်နစ်မြှုပ်သွားခဲ့သည်။ 

၎င်းတို့(၃)ဦးမှာ ကမ်းစပ်သို့ကူးခတ်ခဲ့ရာမှ သူရစိုး(ခ)နောင်ဖောက်သည် ရေနစ်ပြီးပျောက်ဆုံး သွားသဖြင့် ရဲသူနှင့် အေးလင်းတို့နှစ်ဦးမှ ကဟန်းကျေးရွာအုပ်စု အုပ်ချုပ်ရေမှူး ဦးမင်းမင်းဦးအား ဆက်သွယ်အကြောင်းကြားခဲ့ရာက ဟန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ပြင်းငယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းချိုနှင့် ကျေးရွာသူ/ကျေးရွာများက သူရစိုး(ခ) နောင်ဖောက်အား လိုက်လံရှာဖွေခဲ့ရာ မတ် ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် သူရစိုး(ခ) နောင်ဖောက်အားမြိတ်မြို့၊ ပြင်းငယ်ကျေးရွာအုပ်စု၊ ဆိပ်ကြီးပြင်ကမ်းအနီးရေပြင်တွင် ပတ်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ရေနစ်သေဆုံးလျှက် ပြန်လည်ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)