မြိတ်၊  ၁၈  ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲ  ၁  နာရီ မိနစ် ၅၀ ခန့်က  ဒေါ်ဝင်းနွယ်၏ တစ်ထပ်လူနေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်မှုကြောင့် အလျား (၁၄) ပေ၊ အနံ (၁၅) ပေဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း၊ တစ်ထပ်လူနေအိမ် (၁) လုံးနှင့် အလျား(၂ဝ) ပေ၊ အနံ(၃၀) ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ရှိ ဓနိမိုး(၄၀၀)ချပ် မီးလောင်ပျက်စီးခဲ့၍ မွန်းလွဲ ၂ နာရီတွင်  မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၅ မိနစ်တွင်  မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုသတင်းအား ပြည်သူတစ်ဦးမှ ဖုန်းဖြင့် သတင်းပေးသဖြင့် ကျွဲကူးနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ အရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)ဦး၊ ဗဟိုမီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး စုစုပေါင်း (၄) စီးတို့ဖြင့် သွားရောက်၍  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  တပ်မတော်သားများဖြင့် စုပေါင်းငြိှမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)