မြိတ် ဇွန် ၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာ အဏ္ဏဝါရပ်ရှိ မူလတန်းလွန်ကျောင်း၌ ကိုယ့်အားကိုယ်ကိုး ကျောင်းဆောင်သစ် (မဉ္ဇူဆောင်)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

အဆိုပါ ကျောင်းဆောင်သည် အလျားပေ ၅၀၊ အနံ ပေ ၃၀ အာရ်စီ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ပျက်စီးယိုယွင်းသည့် ကျောင်းဆောင်အဟောင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့က ကိုယ်ထူကိုယ်ထဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

ခိုင်ထူး(ပြန်/ဆက်)