မြိတ်  ၂၄  ဇွန်  

 

နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝှမ်းရှိ အဘိုးအဘွားများ၏ နေ့စဉ်လူနေမှုဘဝအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ၄င်းတို့အတွက် ပုံမှန်မျှော်မှန်းဝင်ငွေရရှိစေရန် ရည်ရွယ်ချက်ဖြင့် လူမှုရေးပင်စင် များ ထောက်ပံ့ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်ဘိုးဘွား ဦးရေ ၁၀၆၀ အား ယနေ့ နံနက်ပိုင်းက ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ျအပ

 

မြိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား ၁၀၆၀ အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ရာ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားများကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့သည်။

 

ပေးအပ်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် တို့က အမှာစကားပြောကြားကြပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း က ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ 
    


ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  မြစ်ငယ် ရပ်ကွက်နှင့် ကန်ဖျားရပ်ကွက်ရှိ ဘိုးဘွားများအား အိမ်တိုင်ယာရောက်သွားရောက် ကန်တော့ခဲ့ကြပြီး လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။ ကျန်ရှိသော ရပ်ကွက်/ကျေးရွာများရှိ ဘိုးဘွားများအား ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်ယာရောက် သွားရောက်ကန်တော့ကြ၍ ထောက်ပံ့ငွေများ ပေးအပ် ကြမည်ဖြစ်ကြောင်း သိရသည်။ 

 

့ဘနမ

 
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် ကာလတို ဘဏ္ဍာရေးနှစ်အထိ (၉၀)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့ရာမှ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်၏ အကျိုး ကျေးဇူးအား ဘိုးဘွားများ ပိုမိုရရှိခံစားနိုင်စေရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှစတင်၍ လူမှုရေးပင်စင် အကျုံးဝင်မှု အသက်ကို (၈၅)နှစ်သို့လျှော့ချပြီး တစ်ဦးလျှင် တစ်လ တစ်သောင်းကျပ်နှုန်းဖြင့် (၃)လ တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )