နေပြည်တော်၊ ၁၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အညှင်းကျေးရွာနေ သက်နိုင်(၄၀)နှစ်ပါ ၈ ဦးနှင့် သဲချောင်းကျေးရွာနေ လှေပိုင်ရှင် ဒေါ်စန်းနွဲ့(၅၀)နှစ်တို့အား ဒီဇင်ဘာ ၁၀ ရက်က မြိတ် မြို့မရဲစခန်းမှ ပို့ကုန်၊သွင်းကုန်ဥပဒေ ပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် ညနေ ၅ နာရီ ၅ မိနစ်က ကပ္ပလီပင်လယ်ပြင် အတွင်း လုံခြုံရေး အဖွဲ့များမှ လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့နယ်၊ တောပြားငယ်ကျွန်း၏ အနောက်မြောက် ဘက် ၀.၅ မိုင်ခန့်အကွာ၌ အလျားပေ ၆၀၊ အနံ ၁၇ ပေခန့်ရှိ “ပိုင်ကိုကို” သစ်သား စက်လှေအား တွေ့ရှိသဖြင့်စစ်ဆေးရာ သက်နိုင်ပါ ၈ ဦးနှင့်အတူ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ ငါးဖမ်းပိုက်များစသည့် အကောက်ခွန်မဲ့ပစ္စည်း မျိုးစုံ ၄၄ မျိုးတို့အား တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် အမှုဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)