မြိတ် ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးဧက ၄၁၂၆၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မိုးစပါးစိုက်ပျိုးရာ၌ ပေါင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊ မျိုးစေ့တိုက်ရိုက်ချစနစ် တို့ဖြင့် ဒေသရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော (GW-11)၊ ဆင်းသုခ၊ မနောသုခ၊ ဆင်းသွယ်လတ်၊ ပေါ်ဆန်း၊ ဧရာမင်းနှင့် အောင်နိုင်တိုး စသည့် စပါးမျိုးများကို စိုက်ပျိုးသွားမည့်အပြင် တခြားဒေသမျိုးများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ပြီး မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်ရေးပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ် သုံးနည်းများကို နည်းပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။
မြိတ်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ဧက ၄၁၂၆၀ စိုက်ပျိုးခဲ့ကာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၇၄ ဒသမ ၀၂ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


