မြိတ် ဇူလိုင် ၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မြိတ်မြို့နယ်‌ ဇေယျာသီရိ(၂)ရပ် အထက(၆)အုန်းတောကျောင်း၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝ မျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီသစ်ပင် စိုက်ပျိုး‌ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကို ပြောကြားသည်။

 

ခိုင်ထူး(ပြန်/ဆက်)