မြိတ်မြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၄

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၆ နာရီခွဲတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်ကျေးရွာ၊ အောင်သုခရပ်၊ အေးရိပ်မွန်လမ်း တွင် ဝေယံလင်း(ခ )ရှိုင်းဝေယံကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀ ၊ အိုက်စ် သုည ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး နံနက် ၇ နာရီတွင် အဆိုပါနေရာ၌ပင် မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်သူ ဇေယျာဖြိုး(ခ) ဖြူတုံး ကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၈ နာရီတွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာ၊ ချောင်းကူးငယ်ရပ်၊ ငြိမ်းချမ်းရေး (၃)လမ်းနေ တင်ကိုကို(ခ)နောင်ပျော့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊

 

အလားတူ မေ ၁၂ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မြို့ဝင်တိုးဂိတ်အနီး၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ရန်နိုင်မောင်းနှင်လာသည့် Crown အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၄၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)