မြိတ်    နိုဝင်ဘာ    

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ပထမအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းတွင် ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းများအားလုံးတွင်လည်း ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းလွန်ကျောင်းအထိ ကျောင်းပေါင်း (၇၀)မှာ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပါတယ်။ ဒီနေ့မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း()ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း()ကျောင်းမှာ ကာကွယ်ဆေးထိုးနှံပေးပါ တယ်။  ကျောင်းတွေဖွင့်လှစ်နေပြီး ခရီးလွန်နေတဲ့ကျောင်းသား/သူတွေကို ကျောင်းတက်တဲ့အခါမှာ ဆေးမထိုးရ သေးတဲ့သူတွေစိစစ်၍ သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ညိှနှိုင်းပြီး ဆက်လက်ထိုးနှံပေးဖို့ အစီအစဉ်ရှိပါတယ်ဟု မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က ပြောသည်။

မြိတ်မြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းလွန် စာသင်ကျောင်း(၇၀)ကျောင်း ရှိ အသက်(၁၂)နှစ်နှင့်အထက် အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/သူ(၅၄၇၈)ဦးအား ဆေးထိုးစုရပ် ကျောင်းများ၌ ဆေးထိုးအဖွဲ့()ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း()ကျောင်းမှ ကျောင်းသား/သူ(၇၂၄)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် ထိုးနှံပေးခဲ့ကြသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျောင်းသား/သူများက မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက်ထိုးနှံကြပြီး ကာ ကွယ်ဆေးထိုးခြင်းကို လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများ၊ အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြ သည်။ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးပေးနေမှုအား တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြ ပြီး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )