mdn

မြိတ် မတ် ၁၃

၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ် (၆)လတာကာလ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ(၈)တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း (၇)ခုနှင့် ကျေးလက်ကုန်ထုတ်လမ်း (၁)ခု လုပ်ငန်းများ ဆောင်ရွက်နေမှုမှာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးထံမှ သိရသည်။

မြိတ်မြို့နယ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၄၃ သန်းဖြင့် ကသာရိုင်ကျေးရွာ၌ ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၄၃ သန်းဖြင့် ကြေးနန်းတိုင်ကျေးရွာ၌ ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၄၃ သန်းဖြင့် ရှမ်းထိန်ကျေးရွာ၌ ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၄၃ သန်းဖြင့် ရှမ်းတောင်ကျေးရွာ၌ ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၄၃ သန်းဖြင့် ခုံမော်(အနောက်) ကျေးရွာ၌ ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် သက္ကယ်ကျင်းကျေးရွာ၌ ခွင့်ပြုငွေကျပ် ၈ ဒသမ ၇ သန်းဖြင့် ပေ(၄၀၀၀) ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ လသာကျေးရွာ၌ ခွင့်ပြုငွေကျပ် ၁၀ သန်းဖြင့် ပေ(၄၉၀၀) ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း စသည့် ရေပေးရေးလုပ်ငန်းအားလုံး (၇)ခုတို့ကို မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၅ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အလားတူ ကလင်ဘန်းကျေးရွာတွင် ခွင့်ပြုငွေကျပ် ၆၃ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း အရှည်(၁/၀)မိုင်နှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၅ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေပေးရေလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သောကြောင့် ကသာရိုင်၊ ကြေးနန်တိုင်၊ ရှမ်းထိန်၊ ရှမ်းတောင်၊ ခုံမော်(အနောက်)၊ သက္ကယ်ကျင်း၊ လသာ စသည့်ကျေးရွာ (၇)ရွာတို့ရှိ အိမ်ခြေ(၇၅၃)အိမ်၊ လူဦးရေ(၄၃၂၇)ဦးတို့အား နွေရာသီတွင် သန့်ရှင်းသောသောက်သုံးရေများ အခက်အခဲမရှိ အဆင်ပြေစွာ အကျိုးပြုနိုင်မည်ဖြစ်ပြီး ကလင်ဘန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ပြီးစီးခြင်းကြောင့် အိမ်ခြေ (၁၄၃)အိမ်၊ လူဦးရေ(၇၄၉)ဦးတို့၏ အကျိုးပြုလယ်မြေ ဧက (၄၀၀) ၊ ဓနိတော ဧက (၃၀)၊ ဂဏန်းဖမ်းဧရိယာ (၁၀)ဧကတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)