မြိတ်   နိုဝင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျေးရွာ()ရွာရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ်သိန်း(၄၅၀)ကျော်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို နိုဝင်ဘာလအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာလတို () ဘဏ္ဍာရေးနှစ်မှာ ရေပေးရေး လုပ်ငန်း()ခုရှိပါတယ်။ ရေပိုက်သွယ်တန်းခြင်းက()ခု ကို (၁၈၀.)သိန်းနဲ့ ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း()ခုကို (၂၇၀.၁၅)သိန်းတို့နဲ့ ကျေးရွာ() ရွာမှာ နိုဝင်ဘာလအတွင်း စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။  ရေရရှိရေးလုပ်ငန်းကို ရေရှည်တည်တံ့ဖို့နဲ့  ရေရှည် စဉ်ဆက်မပြတ် အသုံးပြုနိုင်ဖို့ ကျေးရွာမှာ ဘဏ္ဍာရန်ပုံငွေရရှိအောင် ရေမီတာစနစ် တပ်ဆင်အသုံးပြုကြရန်  စည်းရုံးပြီး ဆောင်ရွက်သွားပါ့မယ်ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး က ပြောသည်။ 

ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျေးလက်ရေရရှိရေးနှင့်ရေပေး ဝေရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စဉ်ဆက်မပြတ် နှစ်စဉ်ဆောင်ရွက်ပေး လျက်ရှိရာ ကာလတိုဘဏ္ဍာရေးနှစ်တွင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ကို ရန်ပုံငွေစုစုပေါင်း ကျပ်(၄၅၀.၈၅)သိန်းဖြင့် ယခုလအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး (၂၀၂၂)ခုနှစ်ဖေဖော်ဝါရီလအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်ရေပေးရေးလုပ်ငန်းများကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၁၂-၁၃) ဘဏ္ဍာရေးနှစ်မှှ စတင်ကာ (၂၀၂၀-၂၁) ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၁၀၉)ရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်း(၁၅၃)ခုကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ (၂၀၃၀)ခုနှစ်၌ ကျေးရွာများ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )