မြိတ်   ဩဂုတ်   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး ဖြစ်ပွားမှု များပြားလျက်ရှိသည့် မြိတ်တောင်ကျေးရွာနှင့် မြိတ်တောင်ရပ်ကွက်တို့ကို Hot Sport Area အဖြစ်သတ်မှတ်၍ ပြည်သူများအား ယနေ့တွင် နေရာ(၄)နေရာ၌ RDT Test Kit ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိသည်။

 

“ရောဂါဖြစ်ပွားမှုများပြားတဲ့ ရပ်ကွက်တွေကို Hot Sport Area သတ်မှတ်ပြီးတော့ စစ်ဆေးတာဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက်ရလဒ်ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး(ဗဟို)ကော်မတီမှ သုံးသပ်ပြီး လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်စွာမင်း က ပြောသည်။

 

ထိုသို့စစ်ဆေးပေးခြင်းကို ကျန်ရှိသည့်ရပ်ကွက်၊ ကျေးရွာများတွင်လည်း လိုအပ်ပါက ထပ်မံစစ်ဆေးသွား မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးရာတွင် ပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူစေမည်ဖြစ်ပြီး ၄င်းတို့နှင့်ထိတွေ့ခဲ့သူများအား ထပ်မံစစ်ဆေး၍ အသွားအလာကန့်သတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

 

မြိတ်မြို့နယ်အား ကိုဗစ် ရောဂါ ကူးစက်မှုများပြားလာခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် ဩဂုတ် ၂၃ ရက်နေ့က သတ်မှတ်ထားရှိသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက်)