မြိတ် ၁၇ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောရာတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါခိုင်က ဆွေးနွေးဟောပြောပြီး ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။
ဉာဏ်စမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စာအုပ်စာစောင်များ၊ ပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


