မြိတ် ၃၀ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို စက်တင်ဘာလ(၂၉)ရက် နေ့လယ်(၁)နာရီက တက္ကသိုလ်ရပ်ရှိ ရွှေရတီ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင် ကျင်းပသည်။
ဟောပြောပွဲတွင် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း က အဖွင့်အမှာ စကားပြောကြားပြီး ရွှေရတီသက်ကြီးစောင့်ရှောက်ရေးစင်တာရှိ အဖွား ဒေါ်ခင်ဝင်းက ဘိုးဘွားများ ရပိုင်ခွင့်အကြောင်း ဟောပြောပြီး အဘိုး ဦးသိန်းနိုင်က သက်ကြီး စောင့်ရှောက်ရေး အကြောင်း ဟောပြောသည်။
ထိုနောက် ရွှေရတီသက်ကြီးစောင့်ရှောက်ရေးစင်တာမှ ဦးအောင်မြင့်ဦး က ရွှေရတီသက်ကြီး စောင့် ရှောက်ရေးစင်တာတွင် ဘိုးဘွားများအား စောင့်ရှောက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထိုနောက် အဖွား ဒေါ်ငွေယဉ် က ရွှေရတီသက်ကြီး စောင့်ရှောက်ရေး စင်တာသို့ ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး ဘိုးဘွားများမှ ရွှေရတီသီချင်း စုပေါင်းသီဆို၍ ဟောပြောပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


