မြိတ်  ၁၄   ဒီဇင်ဘာ  

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်လူရွယ် များ စာပေဖတ်ရှုပြီး ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၁၄)ရက် နံနက်(၁၀)နာရီက မြိတ်မြို့၏ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာရေးဆရာ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

 

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် မြို့နယ်စာရေးဆရာ ဦးရီကိုကို (ရဲထွန်းကျော်)က ဦးဆောင်၍ “အလုပ်ဆိုတာအင်အားပါ” စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

 

စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာ မတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်ပါ ခေါင်းစဉ် (၃၀)ကို အဓိကထား၍ လူငယ်လူရွယ်များမှ မိမိပတ်ဝန်းကျင်တွင် တွေ့ကြုံရသော အလုပ်အကြောင်းအရာများ၊ အလုပ်တိုင်းတွင် အောင်မြင်နိုင်ရေး အကြောင်းအရာများနှင့် လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် အလုပ်လုပ် ရာတွင်ထားရှိရမည့်  စိတ်ဓာတ်များကို တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)