မြိတ်မြို့တွင် ဆိုင်ကယ်များ ခိုးယူရောင်းချနေသူ လေးဦး ဖမ်းဆီးရမိ

မြိတ်    ၂၄  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်များကို ခိုးယူရောင်းချနေသူ(၄)ဦးအား ဧပြီ ၂၃ ရက်က ဆိုင်ကယ် ငါးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

 

1

 

ဖြစ်စဉ်မှာ မြိတ်တောင်ကျေးရွာ ရွှေပြည်တန်ရပ် ရတနာလမ်းနေ ကျော်ဇင်ဖြိုး(ခ) သာထူးသည် ခိုးမှု ကျူးလွန်ကြောင်း ကျော်ဇောသတင်းရှိပြီး ၄င်း၏နေအိမ်တွင် နံပါတ်မပါ ဆိုင်ကယ်(၃)စီး ရပ်ထားကြောင်း သတင်းရရှိသဖြင့် မြို့မရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စုံစမ်းရှာဖွေရာ ၄င်းအားနေအိမ်တွင် တွေ့ရှိရပြီး ဆိုင်ကယ်သုံးစီး၏ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မတွေ့ရသဖြင့် သက်သေများနှင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ကျော်ဇင်ဖြိုး(ခ) သာထူးအား စစ်ဆေးမေးမြန်းရာ မော်တော်ဆိုင်ကယ်များကို ခိုးယူရောင်းချ နေသည်မှာ ၄င်းတစ်ဦးတည်း မဟုတ်ဘဲ ဆိုင်ကယ်များကို အဓိက ခိုးယူသူမှာ ပါရမီ(၂)ရပ်မှ စိုးစိုးနှင့် ဇေယျာသီရိ(၄)ရပ်မှ စိုးငွေတို့ဖြစ်ပြီး ခိုးထားသည့် ဆိုင်ကယ်များကို ပူးပေါင်းထုခွဲရောင်းချသူ ဇေယျာသီရိ(၄)ရပ်မှ အောင်ဖြိုးပိုင်(ခ) ဖြိုးပိုင်တို့ ပါဝင်ကြောင်း သိရှိရ၍ ၄င်းတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး နောက်ထပ် ဆိုင်ကယ်နှစ်စီး ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)