မြိတ် ၂၂ ဧပြီ

 

မြိတ်မြို့တွင် (COVID-19) ကာကွယ်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်သူ (၁၂)ဦးအား ယနေ့တွင် တည်ဆဲဉပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

(COVID-19) ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် မြိတ်မြို့နယ်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း၊ စုဝေးခြင်းများကို နေ့စဉ် ၁၀ နာရီမှ နံနက် နာရီအတွင်း မပြုလုပ်ကြရန် အမိန့်များထုတ်ပြန် ကြေညာထားရှိသည်။

 

မြိတ်မြို့နယ်၌ အများပြည်သူအကျိုးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားရှိ၍ ညစဉ် တာဝန်ရှိသူများက လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြပြီး စစ်ဆေးရေးဂိတ်()ခု ဖွင့်လှစ်ကာ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့ ရှမ်းချောင်းလမ်းမ စစ်ဆေးရေးဂိတ်တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား လိုက်နာရန်ပျက်ကွက်သူ (၁၂)ဦးကို စိစစ်တွေ့ရှိရ၍ တည်ဆဲဉပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)