မြိတ် ၂၇ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒီပါဝလီနေ့အထိမ်းအမှတ်အဖြစ် ဒသမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို စေတနာရှင် ဟိန္ဒူအကျိုးဆောင်လူငယ်များအသင်းမှ သျှရီးသျှီဝ ဘုရားကျောင်းတွင် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
သက်ကြီးပူဇော်ပွဲတွင် သျှရီးသျှီဝဘုရားကျောင်း မှ ဆရာဦးလှထွေး(ခ)ဆရာဘာဘူ ကကန့်တော့ ဂါထာ တိုင်တည်ရွတ်ဆိုပေးရာ စေတနာရှင် ဟိန္ဒူအကျိုးဆောင် လူငယ်များနှင့် တက်ရောက်လာကြသူများက စုပေါင်းရွတ်ဆိုကြ၍ အဘိုးအဘွားများအား ကန်တော့ကြပြီး အဘိုးအဘွားများအား စေတနာရှင် ဟိန္ဒူအကျိုးဆောင် လူငယ်များနှင့် စေတနာရှင်များက ကန့်တော့လက်ဆောင်များနှင့် ကန့်တော့ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား သွားရောက်ကန့်တော့ခဲ့ကြပြီး သက်ကြီးပူဇော်ပွဲ မတက်ရောက်နိုင်သည့် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြသည်။ သက်ကြီးပူဇော်ပွဲ၌ အသက်(၇၅)နှစ်အထက် အဘိုးအဘွားများ ကန်တော့ခြင်းဖြစ်ပြီး အဘိုးအဘွား(၃၈)ဦး အား ကန်တော့ ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက်)


