မြိတ် ၂၇ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများ၌ လူစုလူဝေး မဖြစ်စေရေး၊ ပြည်သူများနေ့စဉ် စားသုံးနေကြသော အခြေခံစားကုန်များကို စနစ်တကျ ရောင်းချဝယ်ယူနိုင်ရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပြီး ယနေ့ နံနက်ပိုင်းက သီဟဇေယျာ (မြို့သစ်)ဈေး ဈေးအတွင်းဈေးအပြင်၌ ဈေးရောင်းချသူများ နှာခေါင်းစည်း၊ လက်အိတ် တပ်ဆင်ရောင်းချရန်နှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဈေးအတွင်းအပြင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပညာပေးစစ်ဆေးခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ဈေးရောင်းချသူများအား ဈေးရောင်းချနေစဉ် နှာခေါင်းစည်းနှင့် လက်အိတ် တပ်ဆင်ဆောင်ရွက်ရန် ပညာပေးကာ လက်အိတ်မရှိသူများအား အခမဲ့ဝေငှခဲ့ကြသည်။
ထို့အတူ ဈေးရောင်းချသူနှင့် ဈေးဝယ်သူများတွင် နှာခေါင်းစည်း မတပ်ဆင်သူများကို သတ်မှတ်ထားသည့် ဒဏ်ကြေး (၅၀၀၀) ကျပ် ဒဏ်ရိုက်ပြီး နှာခေါင်းစည်း (၁၀) ခု ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


