mdn

မြိတ် ၂၆ မေ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ် းများအား မေ ၂၆ ရက် နံနက်ပိုင်းက ကန်းစွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်း ဗိုလ်တေဇခန်းမတွင် ဆန်၊ ဆီ၊ ငါးသေတ္တာများကို ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီနှင့် CB ဘဏ်တို့မှ ဂုဏ်ပြုလှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဂုဏ်ပြုလှူဒါန်း ထောက်ပံ့ပေးအပ်သည့် ဆန်(၁၀)ပြည်အိတ် (၁၁၀၀)အိတ်၊ ဆီ(၁၁၀၀)ဘူးနှင့် ငါးသေတ္တာ (၁၀)လုံး ပါအတွဲ (၁၁၀၀)တွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၁၆၉၀)ဦးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာနှင့် CB ဘဏ် တိုင်းဒေသကြီး တာဝန်ခံ ဦးလှသန်းတို့က ဂုဏ်ပြုထောက်ပံ့လှူဒါန်းခဲ့ကြသည်။

 

ဆန်၊ ဆီ၊ ငါးသေတ္တာများ ဂုဏ်ပြုထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားကြ၍ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာနှင့် CB ဘဏ် တိုင်းဒေသကြီးတာဝန်ခံ ဦးလှသန်းက လှူဒါန်းထောက်ပံ့သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဂုဏ်ပြုလှူဒါန်း ထောက်ပံ့ပေးအပ်သည့် ဆန်၊ ဆီ၊ ငါးသေတ္တာများကို သက်ဆိုင်ရာ ဌာနများနှင့် စေတနာ့ဝန်ထမ်းများမှ လက်ခံရယူခဲ့ကြပြီးနောက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ Video Laryngoscope နှစ်လုံးကို လှူဒါန်းပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

mdn

 

mdn