မြိတ်  ၃၁  မေ   

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တပ်ပြင်ရပ်  အရာရှိရိပ်သာလမ်း၌  လမ်းမပေါ် အုံ့မိုးနေသည့် ကုက္ကိုကိုင်းများကို ခုတ်ထွင်ရှင်းလင်း၍  ဘုန်းတော်ကြီး သုသာန်အတွင်း၌ ခြုံနွယ်များ ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ကုက္ကိုကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေး ဝန်ထမ်းများစုပေါင်း ရှင်းလင်းခဲ့ကြရာ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကို နှင့်  တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

 

ခုတ်ထွင်ရှင်းလင်းခဲ့သည့် ကုက္ကိုကိုင်းများ၊ ခြုံနွယ် ပေါင်းမြက်များကို စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး  ( မြိတ်  ပြန်/ဆက် )