မြိတ် ၂၀ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်ကွက် (၅)လမ်းတွင် ဖေဖော်ဝါရီလ (၁၉)ရက် နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့မှုကြောင့် မီးဘေးသင့်ခဲ့ရသော အိမ်ထောင်စုအား ညနေပိုင်းတွင် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးဘေးသင့်အိမ်ထောင်စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁)သိန်း၊ မီးဘေးသင့်မိသားစု(၅)ဦး အတွက် ဆန်ဖိုးငွေကျပ် (၁၀၅၀ဝ)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း(၁၁)မျိုး၊ မိသားစု သုံးပစ္စည်း(၁၃)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁)စုံတို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


