မြိတ်မြို့တွင် နှာခေါင်းစည်းမတပ်ဆင်ဘဲ ဖြတ်သန်းသွားလာသည့် ပြည်သူများအား ပညာပေး၍ နှာခေါင်းစည်းများ ဝေငှပေး

မြိတ် မေ

 

Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် မြိတ်မြို့ရှိ ပြည်သူလူထုအားလုံး အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် ရည်ရွယ်ချက်ဖြင့် ပညာပေးခြင်း၊ နှာခေါင်းစည်းများဝေငှခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို မေ ရက် နံနက်ပိုင်းက လူသွားလူလာများသည့် နေရာ()နေရာတွင် ခရိုင်/မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

 

“Covid-19 နဲ့ပတ်သက်ပြီး ထိန်းချုပ်ရေးအတွက်ကို ထပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်တာဖြစ်ပါတယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတာရှိပါတယ်။ အပြင်ထွက်လို့ရှိရင် ကိုယ်စီကိုယ်စီနှာခေါင်းစည်းတပ်ဖို့ ထုတ်ပြန်ထားတာရှိပါတယ်။ ဒီအပေါ်မှာ ပြည်သူလူထုတစ်ချို့က လိုက်နာမှုရှိသလို တစ်ချို့က လိုက်နာမှုအားနည်းတာတွေ ရှိတဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ အပြင်ထွက်တဲ့အခါမှာ အားလုံး နှာခေါင်းစည်းတပ်ဖို့အတွက်ကို အဓိကထားပြီး ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

 

နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် ပညာပေးခြင်းကို မြစ်ငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အရှေ့လမ်းဆုံ၊ ကမ်းနားလမ်း ကဏန်းရုပ်လမ်းဆုံ၊ နာရီစင်လမ်းဆုံ၊ စန်းသီရိလမ်းဆုံတို့တွင် မြိတ်ခရိုင် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် လမ်းသွားလမ်းလာများတွင် ပညာပေးခဲ့ကြပြီး နှာခေါင်းစည်းမတပ်ဆင်သူများကို နှာခေါင်းစည်းများ တပ်ဆင်ဝေငှပေးခဲ့ကြသည်။

 

မြိတ်မြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလ၌ လမ်းသွားလမ်းလာများအား နှာခေါင်းစည်းတပ်ဆင်သွားလာရန် ပညာပေးခြင်း၊ ဆော်ဩခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်မှုများရှိခဲ့သော်လည်း ပြည်သူတစ်ချို့မှ လိုက်နာမှု အားနည်းလျက်ရှိရာ ပြည်သူလူထုအားလုံး အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အရှိန်အဟုန်မြှင့်၍ ပညာပေးခြင်း၊ နှာခေါင်းစည်းများဝေငှခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မေ ရက်တွင် သတ်မှတ်နေရာများ၌ ဖြတ်သန်းသွားလာသူများ နှာခေါင်းစည်းမပါပါက လာရာလမ်းအတိုင်း ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

 

ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း နှာခေါင်းစည်းမပါတဲ့သူတွေကို ဒဏ်ငွေကျပ် (၅၀၀၀) သတ်မှတ်ပြီး ဒဏ်ငွေ(၅၀၀၀)နဲ့ညီမျှတဲ့ နှာခေါင်းစည်းများကို ပြန်ဖြန့်ပေးဖို့ စီစဉ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စည်းကမ်းချက်မလိုက်နာသူကို မေ ၁၀ ရက်မှစတင်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မိုဘိုင်းစနစ်ဖြင့် လှည့်လည်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)