မြိတ် ၅ ဩဂုတ်
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်မာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် တတိယအကြိမ် ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းတွင် ပင်လယ်ပြင် ငါးဖမ်းရေယာဉ် ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက်နေစဉ် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ ငါးလုပ်ငန်းဆိုင်ရာ ဉပဒေများ အကြောင်း၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာနှင့်ပတ်သက်သည့် ညွှန်ကြားချက်များ၊ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ ရေယာဉ်များတွင်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ စသည်တို့ကို ဌာနဆိုင်ရာများ၏ ရေလုပ် သားများနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
သင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းနောင်ဦးက အမှာစကားပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။
သင်တန်းတွင် ရေလုပ်သား ၅၅ ဦး တက်ရောက်ခဲ့ကြကာ ဩဂုတ် ၅ ရက်မှ ၆ ရက်အထိ ငါးလုပ်ငန်း ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းတို့မှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ ကော့သောင်းနှင့် မြိတ်မြို့တို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)