မြိတ် ၂၀  ဖေဖော်ဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံရပ်ခြား ပြည်ပ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန သည် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၉)ရက် နံနက်ပိုင်းက  မြိတ်မြို့ ပုလဲသန္တာဟိုတယ် အစည်းအဝေးခန်းမတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

6320

 

ဆွေးနွေးပွဲတွင် မြိတ်မြို့၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ရေထွက်ပစ္စည်း ကုန်ချော စက်ရုံ တည်ဆောက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆိုလာဖြင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများဖြန်ချိမှုလုပ်ငန်းများ၊ ထိုင်းနိုင်ငံထုတ်ဆေးဝါးဖြန့်ချိမှုလုပ်ငန်းများ၊ ဆေးရုံတည်ဆောက်မှု လုပ်ငန်း၊  ခရီးသွားလုပ်ငန်း၊  သတ္တုလုပ်ငန်းများစသော လုပ်ငန်းများကို  နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

14

 

တွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ နိုင်ငံရပ်ခြားပြည်ပရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအရာရှိ Ms. Ratanwimon Neree Sukreekhet က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြိတ်ခရိုင် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန ဉီးဖြိုးဇာနည်ဝင်း က ကြိုဆိုနှုတ်ခွန်းဆက စကားပြောကြားပြီး ရင်းနှီးမြုပ်နှံမှု စီးပွားရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသည့် ထိုင်း-မြန်မာနှစ်နိုင်ငံ အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း(၅၀)ဉီးနှင့် ထိုင်းနိုင်ငံ နိုင်ငံရပ်ခြားပြည်ပရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း(၁၆)ဉီး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက်)

 

8552