မြိတ် ၁၉ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးစာပေဝါသနာရှင် Women Club တို့ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် စာပေဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲက မြိတ်ခရိုင်ပြန်ကြားရေးနှင့့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြိ်တ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးမှ ဒို့ကျေးရွာဂျာနယ် (အတွဲ-၁၆ ၊ အမှတ်-၁)မှ စိုးစိုးဌေး(ကြွေ)ရေးသားသည့် အစားအစာသတိပြုပါ ဆောင်းပါးကို ဖတ်ကြားဆွေးနွေးသည်။
ထိုနောက် တက်ရောက်လာကြသည့် Women Club အသင်းဝင်များမှ စာပေရေးချမ်းစင်စာစဉ်(၁၁/၁၇)ပါ ကိုရိုးကွန့်ရေးသားသည့် လူကောင်းကိုလူတိုင်းချစ်ကြသည်၊ သမားတော်ကြီး ဦးသောင်းရွှေရေးသားသည့် ရှားစောင်းလက်ပတ်ချက်ဆေးနှင့် ဒေါက်တာသက်ဦးရေးသားသည့် ကလေးနဲ့ယာဉ်အန္တရာယ် ဆောင်းပါးများကို ဖတ်ကြားပြီး အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးကာ စာဖတ်ရှိန်မြင့်တင်ရေး ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြာကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)