မြိတ်   ဇွန်   ၂၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသည့် အရေးပေါ်လူနာတင်ယာဉ် အသင်းများအတွက် PPE ဝတ်စုံများကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ထောက်ပံ့ပေးခဲ့သည်။

 

ထိုသို့ထောက်ပံ့ရာတွင် အရေးပေါ်လူနာတင်ယာဉ် အသင်းများအတွက် PPE ဝတ်စုံ (၁၀၀) စုံကို မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ပေးခဲ့သည်။

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉက္ကာမင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြိတ်မြို့ရှိ အရေးပေါ် လူနာတင်ယာဉ် အသင်းများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါ်လွင်လွင်မွန် က ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ပါက PPE ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက် )