မြိတ် ၃၀ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိ်တ်ခရိုင် မီးသတ်ဦးစီးဌာနနှင့် လေယာဉ်ဆီဌာနစိတ်မှ ဝန်ထမ်းများ ပူးပေါင်းကာ လေယာဉ်ဆီသိုလှောင်ရုံ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ လေယာဉ်ဆီဌာနစိတ်တွင် ပြလုပ်ခဲ့သည်။
ထိုသို့ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင်ရာတွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းမှ ကြီးကြပ်ကွပ်ကဲ၍ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၇)ဦးနှင့် လေယာဉ်ဆီဌာနစိတ် ဝန်ထမ်း(၁၀)ဦးတို့ ပူးပေါင်းကာ လေယာဉ်ဆီသိုလှောင်ကန်ကို Foam ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် လေယာဉ်ဆီဌာနစိတ်ဝန်ထမ်းများ ပူးပေါင်း၍ အဆောက်အဦအတွင်း ပိတ်မိလူနာများအား ရှာဖွေကယ်ဆယ်ကာ ဆေးရုံပို့ခြင်း၊ ရေသိုလှောင်ကန်မှ မီးငြှိမ်းသတ်ယာဉ်သို့ ရေးသွယ်တန်းခြင်း၊ အပေါ့စားမီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ကြကြောင်း သိရသည်။
ဇော်မျိုးနိုင်(ခရိုင် ပြန်/ဆက်)