နေပြည်တော် ဇန်နဝါရီ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ည၇ နာရီခွဲတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက် ရပ်၊ ကုန်းဖောက်လမ်းမကြီးတွင် ထိုက်ထိုက်(ခ)ထိုက်ငယ် နှင့် အာကာစိုး(ခ)ဖိုးတုန်း တို့ ၂ ဦးကို ဘေးတွဲ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၂,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ကိုလည်းကောင်း၊ ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ထိုက်ထိုက်အောင်(ခ) ဘိုထိုက် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၇၉၁ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် ထိုက်ထိုက်အောင် (ခ)ဘိုထိုက်(၃၄)နှစ်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား