နေပြည်တော်၊ မေ ၃ 

 

မြိတ်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁ ရက် ညနေ ၄ နာရီခွဲ တွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်ရှိ တောဆိပ်ကျောက်တံတားအနီးတွင် မဇာဇာသင်း(ခ) မီးဇာ အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ မေ ၂ ရက် နံနက် ၁၁ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မြိတ်မြို့၊ မြိတ်တောင်ကျေးရွာရှိ ယုလွင်(ခ)နိုင်ယု ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁၉၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဧပြီ ၃၀ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်နေ ဇင်ကိုထက်(ခ)ဖိုးသား၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကောင်းမြတ်ဟိန်း အား တွေ့ရှိပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၂၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)