မြိတ် ၂၄  မတ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော COVID-19 ကာကွယ်ရေးအတွက် (PPE)ဝတ်စုံများ လှူဒါန်းခြင်းကို ယနေ့  နံနက်ပိုင်းက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက လက်ခံရယူခဲ့သည်။

 

အဆိုပါ PPE ဝတ်စုံသည် COVID-19  ရောဂါကာကွယ်ရေးဝတ်စုံဖြစ်ပြီး မြိတ်ပြည်သူ့ဆေးရုံတွင် လိုအပ်ပါက အသုံးပြုရန် PPE ဝတ်စုံ ၂၅ စုံ လှူဒါန်းခြင်းဖြစ်ကာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှလည်း မြိတ်ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံ ၅၀ စုံကို ထပ်မံဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

ထို့အတူ စေတနာရှင် အလှူရှင်များမှလည်း မြိတ်ပြည်သူ့ဆေးရုံတွင် COVI-19 အတွက် ဆေးပစ္စည်းများ လာရောက် လှူဒါန်းလျက်ရှိကြပြီး လှူဒါန်းရန် စာရင်းပေးထားသူများလည်းရှိကြောင်း သိရသည်။

 

(မြိတ် ပြန်/ဆက်)