မိတ္ထီလာ  ၁၃  နိုဝင်ဘာ

 

မိတ္ထီလာမြို့နယ်  ညောင်မြင့်ကျေးရွာရှိ ယပ်တောင်အကြမ်းထည်    မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများထံသို့  လုပ်ငန်းအပ်နှံသူ များပြားလျက်ရှိပြီး      လုပ်ငန်းများ နေ့စဉ်မပြတ် လုပ်ကိုင်ရလျက် ရှိကြောင်း ဒေသခံ ယပ်တောင်အကြမ်းထည် လုပ်ကိုင်သူများထံက သိရသည်။ 

 

 “ဝါမကျွတ်ခင်ကာလတုန်းကတော့ ယပ်တောင်အကြမ်းထည် မှာယူတဲ့သူအလွန်နည်းတော့ ကြိုတင်မှာထားတဲ့ အရေအတွက်လောက်ပဲ လုပ်ကိုင်နေရတာ။     အဲဒီတုန်းက      ယပ်တောင် အကြမ်းထည် ၁၀ဝ၀ ၊၁၅၀ဝ လောက်မှာကြတယ်။    အခု ဝါကျွတ်ပြီး မင်္ဂလာဆောင် ရာသီချိန် ရောက်လာတော့ ၂၀ဝ၀ ၊ ၃၀ဝ၀ လောက်အထိမှာယူတာမျိုးရှိလာတော့ အချိန်မီရအောင် ကြိုးစား လုပ်ကိုင်နေရတယ်။  ယပ်တောင်အကြမ်းထည် ၅၀ဝ ပါတဲ့ တစ်ထုပ်ကို တစ်သောင်းကျပ်နဲ့ ရောင်းချရပါတယ်။  မိသားစုငါးဦးရှိတဲ့အတွက် ကျွန်တော့်မိသားစုအနေနေနဲ့    တစ်နေ့ကို ယပ်တောင် အကြမ်းထည် တစ်ထောင်လောက် ပြီးစီးအောင် ပြုလုပ်နိုင်ပါတယ် ဟု     ညောင်မြင့် ကျေးရွာမှ ယပ်တောင်အကြမ်းထည်လုပ်ငန်းကို        မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရ လုပ်ငန်းအဖြစ် လုပ်ကိုင်နေသူ  ဦးသန်းကြိုင်   ကပြောသည်။

 

ညောင်မြင့်ကျေးရွာ၌  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင်  ယပ်တောင် အကြမ်းထည်လုပ် ငန်းအား မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရ လုပ်ငန်းအဖြစ်  လုပ်ကိုင်နေသည့်      အိမ်ထောင် စု ၁၀ စုခန့်ရှိပြီး ယပ်တောင် အကြမ်းထည်များကို မိတ္ထီလာမြို့နှင့် ပျော်ဘွယ်မြို့ ပုံနှိပ် လုပ်ငန်းရှင်များ ထံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)