ကွန်ဟိန်း ၁၁ ဇူလိုင်


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)ပန္နက်တော်တင်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါ တံတားတည်ဆောက်မည့်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

1

 


ယနေ့ အခမ်းအနားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)ဆက်သွယ်ထားသည့် မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် လမ်းမိုင်တိုင်အမှတ် (၂၈၃/၂နှင့်၂၈၃/၄) အတွင်း တည်ရှိသည့် သံလွင်မြစ်ကူး(တာကော်) တံတားအသစ် ပြန်လည်တည်ဆောက်ရေး စီမံကိန်း စတင်နိုင်ရန်အတွက် ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ လာအိုနိုင်ငံများကို ဆက်သွယ်သွားနိုင်သည့် အာရှလမ်းမကြီးနှင့်ဆက်စပ်လျှက်ရှိကြောင်း၊ ဒေသတွင်းမှ ထွက်ကုန်များသာမက မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှထွက်ကုန်များကိုပါ အိမ်နီချင်းနိုင်ငံများသို့ပေးပို့ တင်သွင်းနိုင်ခြင်းတို့ကြောင့် နိုင်ငံစီးပွားရေးအတွက်အဓိကအချက်အချာကြပြီး ကုန်စည်များလျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးနှင့်သယ်ယူပို့ဆောင် ကုန်ကျစရိတ်များ လျော့ကျနိုင်ရေးအတွက် တန်(၄၀)အထက်ယာဉ်ကြီးများမှာ အဆိုပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာလျှက်ရှိပြီး လမ်းမကြီးပေါ်ရှိတံတားများအား တန်(၆၀)ခံနိုင်ဝန်ရှိသော တံတားများအဖြစ်သို့အဆင့်မြှင့်တင်တည်ဆောက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့သည်။ 

 

1

 


ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တော်များ ရိုက်သွင်းပေးခြင်း၊ အမွှေးနံ့သာရေများ ပက်ဖျန်းခြင်း မင်္ဂလာတို့အား ဆောက်ရွက်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။ 

 

1

 

 

အဆိုပါ သံလွင်မြစ်ကူးတံတား(တာကော်)၏ တံတားသက်တမ်းမှာ(၄၅)နှစ်ခန့် ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများရှိလာခြင်းကြောင့် တံတားခံနိုင်ဝန်အား(၂၄)တန်ထိ လျှော့ချခွင့်ပြုထားသဖြင့် ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် သံလွင်မြစ်ကူးတံတား(တာကော်)အား တံတားခံနိုင်ဝန် တန်(၆၀)အထက်ရှိသော တံတားအသစ်တစ်စင်းပြန်လည်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိသောကြောင့် ယခုတည်ဆောက်မည့်တံအူကြောင်းသည် တံတားဟောင်းကွန်ဟိန်းဘက်ကမ်းတွင် (၃၀)မီတာနှင့် မိုင်းပျဉ်း ဘက်ကမ်းတွင်(၂၀)မီတာအကွာတို့တွင် တံတားပေအရှည်(၃၅၁)မီတာဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ 


မောင်မောင်သန်း(တောင်ကြီး)