သာစည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ငှက်မင်းကုန်းကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားတွင် ယနေ့နံနက် ၆ နာရီခန့်က လမ်းတာဘောင် အလျား ၁၅ ပေ၊ အကျယ် ၁၂ ပေ ရေတိုက်စားမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

သာစည်မြို့နယ် ညောင်ရမ်း/မင်းလှကန် ပိုလျှံရေထုတ်လွှတ်မှု၊ ငှက်မင်းကုန်းကန် ရေဝင်မြောင်းရေလျှံမှု၊ ကုန်းစီးရေဝင်ရောက်မှုနှင့် အောက်တိုဘာ ၁၀ ရက် ညပိုင်း မိုးရွာသွန်းမှုတို့ကြောင့်   ရေတိုက်စားမှု ဖြစ်ပွားခြင်းဖြစ်ပြီး တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ  မျောတိုင်၊  ကတ္တရာပြားနှင့် ကျောက်ကြီးများအသုံးပြု၍ ယာယီမြေထိန်းနံရံ တည်ဆောက်နိုင်ရေး၊ ရေစီးလမ်းကြောင်း ကောင်းမွန်စေရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါရေတိုက်စားမှုကြောင့် လမ်းပိတ်ဆို့မှုမရှိဘဲ ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)