မိတ္ထီလာ ၁၇  ဧပြီ

 

မြန်မာနှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်သမ္မတ၏    ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားအကျဉ်းသူ ၂၄၈၉၆ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား၁၅၅ ဦး ၊ အကျဉ်းသူ ၄၂ ဦး စုစုပေါင်း ၁၉၇ ဦး ပြစ်ဒဏ်လွတ်  ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

      

မိတ္ထီလာအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသားအကျဉ်းသူများအနက် ရပ်ဝေးဒေသသို့ပြန်ရမည့် အကျဉ်းသား ၄၄ ဦး အကျဉ်းသူ ၁၆ ဦး တို့အား  ၎င်းတို့၏နေရပ်သို့      အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် မန္တလေးဘူတာကြီးအထိ မော်တော်ယာဉ်ဖြင့်လည်းကောင်း ၊ ကျန်ရှိသည့်   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား သက်ဆိုင်ရာအစီအစဉ်များအလိုက် ၎င်းတို့၏နေအိမ်များသို့     အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူးဦးသက်လွင် ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဌေးဦး ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)