မိတ္ထီလာ နိုဝင်ဘာ ၅

        

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ကုတင်(၂ဝဝ) ပြည်သူ့ဆေးရုံသို့ အာဆီယံမှ ပေးပို့လှူဒါန်းသည့် ဆေးကုသရေးအထောက်အကူပြု စက်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆေးရုံတာဝန်ရှိသူထံသို့ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

         

အဆိုပါ ဆေးကုသရေး အထောက်အကူပြုပစ္စည်းများကို လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရည်ရွယ်ချက်ဖြင့်  မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့် အာဆီယံမှ ပေးပို့လှူဒါန်းခြင်း ဖြစ်သည်။

 

မိတ္ထီလာဆေးရုံအုပ် ဒေါက်တာဝင်းမင်းသီရိထံသို့ အာဆီယံမှပေးပို့လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၂၂၅ဝဝ တန်ဖိုးရှိ  X-RAY စက်တစ်လုံးနှင့် အမေရိကန်ဒေါ်လာ ၇၃၄၇ တန်ဖိုးရှိ UNTRASOUND တို့အား ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းစိုး ၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်ရေးအဖွဲ့ဝင် ဦးစိန်ဝမ်းနှင့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးတို့က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

                                                                                                                                 

ချမ်းသာ ( မိတ္ထီလာ)