နေပြည်တော်၊ ဧပြီ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု မဟာစည် တိုးချဲ့ရပ်ကွက် မဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများ၊ သီလရှင်ဆရာလေးများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားစားသောက်ဖွယ်ရာများအား မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂသာမိထံ ဆက်ကပ်လှူဒါန်းသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများမှ ဒေသအတွင်းရှိ သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသအလိုက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်