မိတ္ထီလာ ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကား ပြောကြားပြီး WHO မှ မန္တလေးတိုင်းဒေသကြီး RISO အရာရှိ ဒေါက်တာဧရာထက်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မိတ္ထီလာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲပိုင်က ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းတင်ပြသည်။ ယင်းနောက်ကာကွယ်ဆေး ထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


