မိတ္ထီလာ ၁၂ နိုဝင်ဘာ
မိတ္ထီလာခရိုင်၌ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို ကျေးရွာပေါင်း၆၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်မြင့်ဝင်းထံက သိရသည်။
“မိတ္ထီလာခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ကျေးရွာပေါင်း ၆၅ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ မြို့နယ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဆောင်ရွက်မယ့် ကျေးရွာအရေအတွက်ကတော့ မိတ္ထီလာမြို့နယ်မှာ ကျေးရွာ ၂ဝ ရွာ၊ မလှိုင်မြို့နယ်မှာ ကျေးရွာ ၁၅ ရွာ၊ ဝမ်းတွင်းမြို့နယ်မှာ ကျေးရွာ ၁၅ ရွာ၊ သာစည်မြို့နယ်မှာ ကျေးရွာ ၁၅ ရွာ စုစုပေါင်း ၆၅ ရွာ ဖြစ်ပါတယ်” ဟု ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ပြောသည်။
မိတ္ထီလာခရိုင်အတွင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ကျေးရွာပေါင်း ၆၅ ရွာအပြင် မြစိမ်းရောင်စီမံကိန်း ကျေးရွာစီမံကိန်းကိုလည်း တစ်မြို့နယ်တွင် ကျေးရွာနှစ်ရွာ ရွေးချယ်၍ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


