မိတ္ထီလာ မတ် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၂၉၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထိလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေသောက်နည်းလမ်းအပြင် စက်ရေတွင်းများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိတ္ထီလာခရိုင်ရှိ မိတ္ထီလာကန်၊ မုန်တိုင်၊ ချောက်းကောက်၊ ညောင်ကုန်း၊ ရှမ်းမငယ်၊ သင်ပုန်းဆည်၊ ကျင်သာဆည်၊ ပုန်းမကြည်ဆည်၊ ပုဂ္ဂလိကဆည်၊ မင်းလှကန် ၊ စမုံဆည်၊ ကင်းတားဆည်၊ တောင်ပုလုကန်၊ ထီးလှိုင်ကန်နှင့် လျှပ်စစ်ရေတင်တို့ဖြင့် မိတ္ထီလာခရိုင်၏ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုး ဧက ၂၉၈၇၁ ဧက စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ဒေသလျာထားသတ်မှတ်ရာတွင် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ဧက ၃၀၀၊ နွေနှမ်း စိုက်ဧက ၁၇၀ ဧက၊ မလှိုင်မြို့နယ်တွင် နွေစပါးစိုက်ဧက ၂၅ ဧက၊ ဝါစိုက်ဧက ၂၀၀ ၊ နွေနှမ်းစိုက်ဧက ၄၀၅ ဧက၊ ပဲတီစိမ်းစိုက်ဧက ၂၀  တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် နွေစပါး စိုက်ဧက ၄၂၀၊  ဝါစိုက်ဧက ၆၀၀ ၊ ဝမ်းတွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၃၆၈၀၊ နွေနှမ်းစိုက်ဧက ၁၂၃၇၉ဧက၊ ပဲတီစိမ်း ၇၄၆၀ဧက၊ ငရုတ်စိုက်ဧက ၃၀၆၀၊ ဝါစိုက်ဧက ၁၁၅၂တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက  ၂၉၈၇၁ ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)