မိတ္ထီလာခရိုင်တွင်  ၂၀၂၀ခုနှစ် တက္ကသိုလ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်၌ ဖြေဆိုပျက်ကွက်သူ ၈၅၈ ဦးရှိ

မိတ္ထီလာ  ၁၂  မတ်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့၊ မလှိုင်မြို့၊ ဝမ်းတွင်းမြို့နှင့် သာစည်မြို့စသည့် မြို့နယ် လေးမြို့နယ်တွင် ဖြေဆိုပျက်ကွက်သူ စုစုပေါင်း ၈၅၈ ဦးရှိကြောင်း မိတ္ထီလာခရိုင်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မိတ္ထီလာခရိုင်တွင် မိတ္ထီလာမြို့နယ်၌ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျှောက်ထားသူ ၂၁၆၈၉ ဦးရှိအနက် ဖြေဆိုသူ ၂၀၈၃၁ ဦးရှိပြီး အင်္ဂလိပ်စာ ဘာသာရပ်တွင် ဖြေဆိုပျက်ကွက်သူ စုစုပေါင်း ၈၅၈ ဦးရှိနေကာ  ဖြေဆိုရန်လျှောက်ထားသူများ၏  ၃ဒသမ ၉၆ ရာခိုင်နှုန်း ပျက်ကွက်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မိတ္ထီလာမြို့နယ်မှ ဖြေဆိုရန်လျှောက်ထားသူ ၈၅၅၈ ဦး အနက် ဖြေဆိုသူ ၈၂၁၅ ဦးနှင့် ပျက်ကွက်သူ ၃၄၃ ဦး၊ မလှိုင်မြို့နယ်မှ ဖြေဆိုရန် လျှောက်ထားသူ ၅၃၁၉ ဦး အနက် ဖြေဆိုသူ ၅၁၉၅ ဦးနှင့် ပျက်ကွက်သူ ၁၂၄ ဦး၊ ဝမ်းတွင်းမြို့နယ်မှ ဖြေဆိုရန် လျှောက်ထားသူ ၄၃၈၇ ဦးအနက် ဖြေဆိုသူ ၄၂၂၈ ဦးနှင့် ပျက်ကွက်သူ ၁၅၉ ဦး၊ သာစည်မြို့နယ်မှ ဖြေဆိုရန်လျှောက်ထားသူ (၃၄၂၅) ဦးအနက် ဖြေဆိုသူ(၃၁၉၃)ဦး ပျက်ကွက်သူ (၂၃၂) ဦး ရှိသဖြင့် မိတ္ထီလာခရိုင်တွင် စုစုပေါင်းဖြေဆိုလျှောက်ထားသူ ၂၁၆၈၉ အနက် ဖြေဆိုသူစုစုပေါင်း ၂၀၈၃၁ ဦး၊ အင်္ဂလိပ်စာဘာသာရပ်၌ ခရိုင်အတွင်း  ဖြေဆိုပျက်ကွက်သူ (၈၅၈) ဦးရှိကြောင်းသိရသည်။

 

၂၀၂၀ ခုနှဟ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်တွင် ခရိုင်အတွင်း ဖြေဆိုရန် လျှောက်ထားသူ ၂၁၆၈၉ ဦးအနက် ဖြေဆိုသူ ၂၀၈၄၇ ဦးဖြေဆိုခဲ့ပြီး အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူ စုစုပေါင်း (၂၀၈၃၁) ဦး ဖြေဆိုခဲ့သဖြင့် ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုသူများထဲမှ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုသည့်နေ့တွင် စုစုပေါင် ၁၆ ဦး ထပ်မံ လျှော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)