mdn

မိတ္ထီလာ   အောက်တိုဘာ   ၅ 

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် မြို့ဦးကျောင်းတိုက်တောင်ဘက်ရှိ မြေနေရာတွင် တည်ဆောက်ထားသည့် အောက်စီဂျင်စက်ရုံမှ အောင်စီဂျင် စတင်ထုတ်လုပ်ဖြန့်ဝေ ပေးလျက်ရှိကြောင်း  အဆိုပါစက်ရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အောက်စီဂျင်စက်က တစ်နေ့ကို ၄ဝ လီတာအိုး ၁၂ဝ အထိ ထုတ်လုပ်နိုင်ပေမယ့် လက်ရှိတော့ တစ်နေ့ကို ၄ဝ လီတာအိုး ၈ဝ အထိပဲ ထုတ်လုပ်ပါသေးတယ်။ လိုအပ်ရင်၄ဝ လီတာအိုး ၁ဝဝ ကျော်အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ၄ဝလီတာအိုး ၁ အိုးကို ၃ဝဝဝ ကျပ်နှုန်းနဲ့ပဲ ဖြန့်ဝေပေးနေပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ချမ်းသာ(မိတ္ထီလာ)