မိတ္ထီလာ၊ ၈ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင်  အောင်ဆန်း(မြို့သစ်) ကြာအင်းသုဿန်အဝင်းလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (ဒသမ ၉၁၂) သန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူ၍ အရှည် ပေ ၁၁၀၀ အကျယ် ၁၂ ပေ ထု ၃ လက်မရှိ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဇွန် ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်း ၁၉ လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူပြီး မတ်လ ၂၀ ရက်နေ့မှ စတင်၍ ကွန်ကရစ်လမ်းအဖြစ် ()လမ်း၊ ကတ္တရာခင်းလမ်းအဖြစ် ()လမ်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအဖြစ် လမ်း()လမ်းတို့ကို ဆောင်ရွက်လျက်ရှိရာ အောင်ဇေယျာရပ်ကွက် ကန်လေးကုန်းလမ်း၊ အောင်ဆန်းရပ်ကွက် မကျီးကုန်းဘုန်းတော်ကြီး ကျောင်းအဝင်လမ်းနှင့် ဝန်ဇင်းရပ်ကွက် မင်္ဂလာလမ်းတို့ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ စက်မှုဇုန်()လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ ပြည်သာယာတောင်ရပ်ကွက်ရှိ ()လမ်းနှင့် ()လမ်း၊ ပြည်သာယာမြောက် မြင်းခြံလမ်းမကြီး၊ ပြည်သာယာမြောက် ()လမ်းမြင်းခြံလမ်းမှ တံတားထိပ်အထိ ထပ်ပိုးလွှားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် လမ်းများကိုလည်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)