မိတ္ထီလာ ဇူလိုင် ၂၅
မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်အတွင်းရှိ စည်သူချောင်းကူးတံတားအား ရပ်ကွက်နေပြည်သူများမှ စုပေါင်း၍ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်အတွင်းရှိ နယ်မြေ(၁၁)၊ နယ်မြေ(၁၂)နှင့် နယ်မြေ(၁၃)တို့မှ ဒေသခံ ပြည်သူများ ဖြတ်သန်းသွားလျက်ရှိသော စည်သူချောင်းကူးတံတားကို ၂၀၁၀ ခုနှစ်က သစ်သားတံတားဖြစ် တည်ဆောက်ခဲ့သော်လည်း ၎င်းတံတားမှာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာခဲ့ရာ တံတားပေါ်ဖြတ်သန်းသွား လျက်ရှိသူများအား အန္တရာယ်ဖြစ်မည်စိုးရိမ်၍ ရပ်ကွက်နေပြည်သူများစုပေါင်း၍ ဇူလိုင် ၁၉ ရက်မှစတင်ပြီး အရှည် ၁၅ ပေ၊ အကျယ် ၁၁ ပေခွဲ၊ အမြင့် ၆ ပေရှိ သံကူကွန်ကရစ်တံတားကို ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားပြုပြင်တည်ဆောက်မှုလုပ်ငန်း (၆၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားပြီးစီးပါက အောင်ဇေယျာရပ်ကွက်အတွင်းရှိ နယ်မြေ (၁၁)၊ နယ်မြေ(၁၂)နှင့် နယ်မြေ(၁၃)တို့မှ ဒေသခံပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း တံတားပြုပြင်တည်ဆောက် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကော်မတီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


