မိတ္ထီလာ ၂၉ ဧပြီ
မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ Video Laryngoscope နှင့် မျက်မှန်(Goggle) များ ပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဆေးရုံကြီးရှိ အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှလှူဒါန်းသော Video Laryngoscope တစ်ခုနှင့် မျက်မှန်(Goggle)(၅)လက်တို့ကို မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်သူရအေးတို့က ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိတ္ထီလာအထွေထွေရောဂါကုဆေးရုံကြီးသို့ အသက်ရှူစက်နှစ်လုံးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းထားရှိကြောင်း၊ ယခုလှူဒါန်းသည့် Video Laryngoscope နှင့် မျက်မှန်(Goggle)များ လာရောက်လှူဒါန်းခြင်းမှာ စတုတ္ထအကြိမ်မြောက် လှူဒါန်း ခြင်းဖြစ်ကြောင်း မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


