မိတ္ထီလာ ၂ မေ
မိတ္ထီလာမြို့ မေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းမှ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ဒေသခံပြည်သူများအား မေ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်က ဝန်ဇင်းကန်ဘောင်ပေါ်တွင် နှာခေါင်းစည်း များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်အတွက် ဝန်ဇင်းရပ်ကွက် ပဌမကျော်ဓမ္မာစရိယာတိုက်သစ် မေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဘဒ္ဒန္တသဇ္ဇန(သာသနာ့ဓဇ ဓမ္မာစရိယ)မှ ဦးဆောင်ပြီး အဖွဲ့ဝင်များက ဒေသခံပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“မေတ္တာရေကြည်အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ဆေးကုသပေးခြင်းကို ခေတ္တရပ်နားထားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်အတွက် မေတ္တာရေကြည်အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းမှ ဒေသခံ ပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ဆက်လက်၍လည်း နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ” မေတ္တာရေကြည်အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဘဒ္ဒန္တသဇ္ဇန (သာသနာ့ဓဇ ဓမ္မာစရိယ)ထံမှ သိရသည်။
သိန်းမြင့်ကျော်(ခရိုင်မိတ္ထီလာ)


