မိတ္ထီလာ၊     ၇   ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် ၁၁ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို အောင်ဆန်းရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပုံရေးရှင်း၊ မိတ္ထီလာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မိတ္ထီလာမြို့အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းများကို အောင်ဆန်းရပ်ကွက်အတွင်း၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင် ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပုံရေးရှင်း ၊ မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ကြီးကြပ်ပြီး တင်ဒါ အောင်မြင်သည့် Junction River Trading Co.,Ltdမှ တာဝန်ယူ၍ အောင်ဆန်းရပ်ကွက် မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်း ကတုံးဝပ်ရှော့ အနီးတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၀.၀၂၈)မိုင် အသစ် တည်ဆောက်ခြင်း၊  ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့လိုင်း(၀.၆၁)မိုင် အသစ်တည်ဆောက်ခြင်းလုပ်ငန်း များနှင့် အောင်ဆန်းရပ်ကွက် မေခလမ်းတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၀.၀၂၈)မိုင် အသစ် တည်ဆောက်ခြင်း၊  ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန် စဖော်မာ တစ်လုံး တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့လိုင်း(၀.၆၁)မိုင် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ၁၁ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ယခုဆိုလျှင် (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။ ၎င်း တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပါက လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းပြီး လျှပ်စစ်ဓာတ်အား ဗို့အား ပြည့်ပြည့်ဝဝ အသုံးပြုနိုင်တော့မည် ဖြစ်သည့်အပြင် လျှပ်စစ်အန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)