မိတ္ထီလာ ဒီဇင်ဘာ ၃
မိတ္ထီလာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယန့ နံနက် ၉ နာရီက အဆိုပါမြို့မဈေးကြီးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများအနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါမီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲတွင် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများနှင့် ဈေးရုံတန်းများ တွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းပုံကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဆောင်ရွက်ကြသည်။
အဆိုပါမီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူများ က တက်ရောက်ကြည့်ရှု့အားပေးသည်။
ထို့နောက် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားသော မီးသတ်ရေကန်များ၊ မီးသတ်ရေငုတ်များနှင့် မီးငြှိမ်းသတ်ရေးစက်များကို တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု့စစ်ဆေးသည်။
မိတ္ထီလာမြို့မဈေးကြီးတွင် ဈေးကြီး၊ ဗဟိုဈေးနှင့် ပိတောက်မြိုင်ဈေး စုစုပေါင်း ဈေး ၃ ဈေးပါဝင်ပြီး ဈေးရုံတန်းပေါက်း ၁၄၅ ရုံနှင့် ဈေးဆိုင်ခန်းပေါင်း ၂၂၆၁ ခန်း ခန့်ရှိကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)